Wednesday 8 July 2015

အမှတ်တရအိမ်မက်များ


အိမ်မက်ရဲ့အရိပ်

လူ့လောကသို့ စတင်ရောက်ရှိချိန်မှစပြီး ယနေ့ချိန်ထိကျွန်တော်တို့ မသိမသာနဲ့ပဲ အချိန်တွေ နာရီတွေ သက္ကရာဇ်တွေကို မသိမသာနဲ့ပဲ ဖြတ်သန်းကုန်လွန်သွားလိုက်တာ... အတိတ်တွေတောင် သိပ်သည်းလို့ပေါ့။ ဖြတ်သန်းခဲ့တဲ့ ပျော်ရွှင်မှုတွေ၊ ၀မ်းနည်းမှုတွေ ၊အောင်မြင်မှုတွေ၊ ဆုံးရှုံးမှုတွေ၊ စည်ဖြင့်ပေါ့ ရသမျိုးဆုံတဲ့ ဆေးရောင်စုံပြဇာတ်တစ်ပုဒ်အလား...။ အတိတ်တွေဟာပြီးဆုံးကျန်ရစ်ခဲ့ပေမယ့် အတွေးစိတ်ကူးတွေ ထဲမှာတော့ အချို့အရာတွေက ၀ိုးတစ်ဝါး၊ အချို့အချို့တွေကတော့ မနေ့ကအလား..... ရပ်တန့်မရတဲ့အချိန်တွေနဲ့အတူ လွင့်မျောစီးဆင်းနေပေမယ့် ကျန်ရစ်ခဲ့တဲ့ အတိတ်တွေစာ အရိပ်လို့ကပ်လို့ အမှတ်တရနဲ့ ပြန်လှည့်ကြည့်မိရင်တောင် အခုအချိန်ထိ ရင်ခုန်သံတွေက လတ်ဆတ်ပူနွေးနေဆဲပေါ့....။ မေ့မရတဲ့ ဘ၀ရဲ့အရိပ်တွေကို ရင်ဘက်ထဲမှာပဲ ထုပ်ပိုးသိမ်းဆည်းရင်း မေ့မရတဲ့ချစ်သူတစ်ယောက်ကိုတော့ အလွမ်းတွေ တနင့်တပိုးနဲ့မျှော်ကိုးဆဲပေါ့....။